ရေကိုဘယ်လိုသောက်ရမလဲ
- (no title)What are the most important things needed to live a good life?

ရေဆိုတာလူတစ်ယောက်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာပါ မရှိမဖြစ်လိုအပ်တဲ့အရာကိုအမှားမရှိအောင်ဘယ်လိုအသုံးချရမလဲ ပထမဆုံးပြောပြချင်တဲ့အချက်ကတော့ရေဆိုတာသောက်လို့ရပါတယ် ရေကိုတစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ချိုးလို့ရပါတယ်ဆေးကြောလို့ရပါတယ် အဝတ်အစားတွေလဲလျှော်ဖွတ်လို့ရပါတယ် အိုးခွက်ပန်းကန်တွေလဲဆေးကြောလို့ရပါတယ် ဒါတွေဟာလူတိုင်းသိပြီးအရာတွေပါ ဒါပေမဲ့လူတွေမသိသေးတဲ့အရာတွေရှိပါသေးတယ် ဒါကိုသေချာလေးဖော်ပြပေးသွားပါမယ် စာကိုဆုံးအောင်ဖတ်ပေးပါ ရေကိုသောက်မယ်ဆိုရင်သောက်သင့်တဲ့ရေနဲ့မသောက်သင့်တဲ့ရေဆိုတာရှိပါတယ် သောက်သင့်တဲ့ရေကတော့ရေသန့်(သို့မဟုတ်)ကျိုချက်ထားတဲ့ရေပါ ရေကိုသောက်မယ်ဆိုလိုအပ်တဲ့အရာတွေကတော့ ရေလိုအပ်ပါတယ် သောက်သုံးတဲ့လူဟာလဲပါးစပ်ပါရပါမယ် ရေတွေပါးစပ်တွေပဲလားဆိုတော့မဟုတ်သေးပါဘူးရေထည့်ရန်အတွက်ခွက်သို့မဟုတ်ပန်းကန်လုံးစတီးခွက် ကော်ခွက် တစ်ခုခုလိုအပ်ပါတယ် ဒါတွေမရှိရင်တောင် လက်ခုပ်ထဲရေထည့်ပြီးသောက်လို့ရပါတယ် လက်မရှိရင်တော့ကုန်းသောက်ပါ တချို့အဆင့်မြင့်လူတန်းစားတွေအတွက်ကတော့နည်းလမ်းကောင်းလေးတစ်ခုရှိတယ် ရေခွက်ထဲရေထည့်ပြီးပိုက်နဲ့စုပ်သောက်ပါ ရေသန့်သို့မဟုတ်ကျိုချက်ထားတဲ့ရေဖြစ်ဖို့တော့လိုပါတယ် ဒီမှာတစ်ခုသတိပေးချင်တာက
နွားခြေရာခွက်ထဲကရေသောက်လို့မရပါဘူး အိမ်သာရေးလဲမသောက်သင့်ပါဘူးသောက်ချင်ရင်တော့သောက်ပေါ့ ဆပ်ပြာရေသောက်လို့မရပါဘူး ခေါင်းလျှော်ရည်သောက်လို့မရပါဘူး ဗွက်ရေသောက်လို့မရပါဘူး လက်ဆေးရေသောက်လို့မရပါဘူး ဒါတွေပြောနေရတာအလကားမဟုတ်ပါဘူး စာဖတ်သူတွေကိုသိစေချင်လို့ပါစေတနာနဲ့ အာလုံးကိုသေချာလေးပြောချင်တာတစ်ခုရှိပါတယ် လူတွေမသိသေးတဲ့အရာဆိုတာရှေ့မှာလဲပြောထားခဲ့ပါတယ် လူတွေမသိသေးတဲ့အရာကတော့ကျွန်တော်နဲ့ဟန်နီနွေဦးဟာချစ်သူတွေဖြစ်ပါတယ် စာဖတ်သူတွေကျွန်တော့်စာကိုဖတ်ပြီးစိတ်မပျက်လိုက်ပါနဲ့ ဒီကာလကြီးဟာ ကျွန်တော်တို့နိုင်ငံအာဏာရှင်စစ်ခွေးအောက်မှာရောက်နေတယ်ဆိုတာမမေ့ပါနဲ့ အခုလိုစာတိုပေစလေးရေးပြီးတော်လှန်ရေးအတွက်အထောက်အကူဖြစ်အောင်websiteလေးထောင်ထားတာပါ စာဖတ်သူတွေလဲကျွန်တော်ရေးတဲ့စာကိုကြိုက်ကြိုက်မကြိုက်ကြိုက်အားပေးကြပါသူငယ်ချင်းဘော်ဒါတွေကိုမျှဝေပေးကြပါအခုsiteကကြော်ငြာလေးငွေလေးတွေရလာရင်ရသလောက်တော်လှန်ရေးအတွက်လှူသွားမှာပါ အာလုံးပဲရွှင်လန်းကြပါစေ နောက်တင်ဆက်မဲ့စာလေးတွေလဲဝင်ဖတ်ပေးကြပါနော် တစ်ခုကျန်သွားလို့commentမှာဘာတွေလိုအပ်လဲဆိုတာဆွေးနွေးဖော်ပြဆဲဆိုသွားကြပါဦး
https://pagead2.googlesyndication.com/pagead/js/adsbygoogle.js?client=ca-pub-7036152098378617
https://pagead2.googlesyndication.com/pagead/js/adsbygoogle.js?client=ca-pub-7036152098378617